သစ္စာသခင်နှင့် မေတ္တာရှင် အခန်း ( ၃ )
အခန်း (၃)
တစ်ခုသော ညနေစောင်းအချိန် ဖြစ် သည်။ နေဝင်ဖို့ကတော့ အချိန်အတော်ကို လိုနေသေးသည်။ အနောက်ဘက် မိုးကောင်းကင်တွင် နေ မင်းကြီး က ထွန်းလင်း တောက်ပနေဆဲ။
ကူမိုင်ခန်းသည် လွင်တီးခေါင် ကွင်းပြင်ကျယ်ကြီးတစ်ခု ကို ဖြတ်ကျော်လျက် ယာတောလေး တစ်ခုရှိရာသို့ ရှေးရှူ သွား၍ နေသည်။
ယာတောလေးသည် သူ့ဘာသာသူ သီးသီးသန့်သန့် တည်ရှိပြီး လူနေရပ်ရွာနှင့်လည်း အတော်လေး အလှမ်းဝေးပုံရသည်။
ယာတောလေး၏ အနီးအနား ဝန်းကျင်တွင် လူ့နေ အိမ်ခြေ အရိပ်အယောင်များ မတွေ့ရ။
အတော်လေး ပြည့်စုံကုံလုံသော ယာတောကလေးတစ်ခု တော့ ဖြစ်သည်။
ယာတောလေးတွင် ဟင်းသီးဟင်းရွက် စိုက်ခင်းလေး တစ်ခင်း၊ ဘူးစင်တစ်စင်၊ နွားခြံငယ်တစ်ခြံ၊ ကြက်ခြံ အသေးစားလေး တစ်ခုနှင့် တဲအိမ်ငယ်လေး တစ်လုံးတို့ ရှိနေသည်။
ယာတော. အလယ်လောက်တွင်မူ ရေတင်မောင်းလက် ကြီး တပ်ဆင်ထားလေသော ရေတွင်း တစ်တွင်းကိုလည်း
တွေ့မြင်နိုင်သေးသည်။
ယာတောလေး၏ မြောက်ဘက်နှင့် အရှေ့ ဘက်တို့တွင် စိမ်းညို့ညို့ တောအုပ်တောတန်းများ ရှိသည်။
ယာတောလေး၏ တောင်ဘက်နှင့် အနောက်ဘက်ကတော့ ကျယ်ပြန့်လှသော လွင်တီးခေါင်ကွင်းပြင် မြေပြန့် ကျယ်ကြီး ဖြစ်သည်။
သစ်ပင် ကြီးကြီးမားမားဟူ၍ မရှိဘဲ ချုံပုတ်ငယ်များ သာလျှင်ရှိသော လွင်ဘီးခေါင်ကွင်းပြင်ကျယ်သည် မိုးကုပ်စက်ဝိုင်းဆီသို့ တိုင်အောင်ပင် တစ်နံတစ်လျားရှိ၍ နေပေသည်။
ဤယာတောကလေးသည် လွင်တီးခေါင်ကွင်းပြင်ကျယ်နှင့် စိမ်းညို့သော တောအုပ် တောတန်းများ၏ နယ်စပ် နေရာတည့်တည့်တွင် တည်ရှိနေသည်ဟု ဆိုရပေမည်။
ကူမိုင်ခန်းသည် ကျယ်ပြန့်လှသော လွင်တီးခေါင် ကွင်း ပြင်ကျယ်ကြီးကို ဖြတ်ကျော်ခရီးနှင်ကာ နောက်ဆုံးဤ ယာတောလေး ရှိရာသို့ ရောက်လာခဲ့ခြင်း ဖြစ်ပေတော့၏။
လွင်တီးခေါင် ကွင်းပြင်ကျယ်ကြီးကို ဖြတ်ကျော်ခရီးနှင် ခဲ့သည့် အချိန်အခါက ကူမိုင်ခန်းသည် အစားအသောက် အတော်လေးပင် ခြိုးခြံခဲ့ရသည်။
အသင့်ဆောင်လာသော ရိက္ခာခြောက် များ ကို သာ အဓိကထားကာ စားသောက်လျက် သောက်ရေကိုလည် ချွေချွေတာတာ သောက်သုံးခဲ့သည်။
ယခု ယာတောလေးရှိရာသို့ ရောက်လာသည့် အချိန်.. တွင် ကူမိုင်ခန်းတစ်ယောက် ခရီးလည်းပန်းကာ ဝမ်းဗိုက် ထဲကလည်း အတော်လေးပင် ဆာလောင်မွတ်သိပ်၍ ပေ၏။
ခရီးဆောင် ရိက္ခာခြောက်များနှင့်သာ တင်းတိမ်နေခဲ့ရပေရာ အထူးသဖြင့် လတ်လတ်ဆတ်ဆတ် အမဲသားကို ကင်လျက် အားရပါးရ စားသောက်လိုက်လိုသည့်စိတ်များ ဖြစ်ပေါ်၍ နေသည်။
နွားတွေ၊ ကြက်တွေ၊ ဟင်းသီးဟင်းရွက် စိုက်ခင်းတွေနှင့်ဘူးစင်တို့အပြင် ရေတွင်းပါရှိနေလေသော အစာ ရေစာ ပေါကြွယ်သည့် ယာဘောလေးသို့ ရောက်လာသည် မှာ အတော်လေး ဟန်ကျချေပြီဟု ကူမိုင်ခန်း တွက်သည်။
အာသီသရှိနေလေသော လတ်ဆတ်သည့် အမဲသားကင် လည်း စားရပေတော့မည်။
ယာတောလေးရှိရာသို့ ခြေလှမ်းသွက်သွက်ဖြင့် လျှောက်လှမ်း ချဉ်းကပ်လာရင်းကူမိုင်ခန်းသည် တဲအိမ်လေးဆီသို့ စူးစိုက်ကာ ကြည့်သည်။
ယာတောပိုင်ရှင် ရှိမရှိ စူးစမ်းကြည့်လိုက်ခြင်းပင်။
တဲအိမ်လေးရှေ့တွင် မြေစိုက် သစ်သားကွပ်ပျစ်တစ်ခုကို ခပ်ကြမ်းကြမ်း ရိုက်ထားလျက် မြေစိုက်ကွပ်ပျစ်ပေါ်တွင် ယောက်ျားကြီး တစ်ယောက် လက်ဖက်ရည်ကြမ်း ထိုင်သောက်နေသည်ကို တွေ့ရသည်။
ယောက်ျားကြီးသည်, အသက် ငါးဆယ်ခန့် ရှိသည်။
နေလောင်ထားသည့် ဒဏ်ကြောင့် အသားအရေများ က ညိုပြောင်၍ နေသည်။
အရပ် မြင့်မားပြီး ကိုယ်ကာယ တုတ်တုတ်ခိုင်ခိုင်နှင့် အတော်ပင် ကျန်းမာသန်စွမ်းသည့်အသွင် ရှိသည်။
ချည်ကြမ်းအင်္ကျီ ချိုင်းပြတ်နှင့် ချည်ကြမ်းဖြင့်ချုပ်ထား သော ဘောင်းဘီရှည်တို့ကို ဝတ်ထားသည်။
ထိုချည်ကြမ်း ထည်တို့သည် အစကတော့ အဖြူ ရောင် ဖြစ်ပုံရသည်။
ထိုယောက်ျားကြီးကလည်း ယာတောလေးရှိရာသို့ ခြေ လှမ်း သွက်သွက်ဖြင့် လျှောက်လှမ်းလာနေလေသော ကူမိုင် ခန်.ကို လှမ်း၍ ကြည့်နေလေသည်။
ကူမိုင်ခန်း ယာတာလေးရှိရာသို့ ရောက်လာသည်။
ယာတောထဲသို့ ဝင်ရောက်ကာ အိမ်လေးကို တန်း လျှောက်သွားသည်။
“ဒီမယ်၊ ရှင်က ယာတောပိုင်ရှင်လား”
တဲအိမ်လေးရှေ့ သို့ရောက်သောအခါ ကူမိုင်ခန်းက မြေ စိုက် ကွပ်ပျစ်ပေါ်တွင် ထိုင်နေသော ယောက်ျားကြီးကို လှမ်းမေးသည်။
“အေး....ဟုတ်တယ်၊ ငါဒီယာတောပိုင်ရှင်ပဲ၊ လာကွယ် လက်ဖက်ရည်ကြမ်းလေး ဘာလေး သောက်ပါလား”
“ဟုတ်ကဲ့...ကျေးဇူးပါပဲ”
ကူမှိုင်ခန်းက ကျေးဇူးတင်စကားပြောကာ မြေစိုက်ကွပ် ပျစ်လေးပေါ်သို့ တက်ထိုင်သည်။
ယာတောပိုင်ရှင်လူကြီးက လက်ဖက်ရည်ကြမ်း တစ်ပန်းကန်ငှဲ့ပေးသည်။
ကူမိုင်ခန်းမှာ ရေဆာနေရာ လက်ဖက်ရည်ကြမ်းကို တစ် ခါတည်း..မော့သောက်ချလိုက်လေ၏။
လက်ဖက်ခြောက် အကောင်းစား - ခတ်ထားသောလက်ဖက်ရည်ကြမ်းသည် အရသာရှိလှသည်။
“မိန်းကလေး ကြည့်ရတာ ခရီးသွားတစ်ယောက် ထင်ပါရဲ့”
လက်ဖက်ရည်ကြမ်းနှင့် ဧည့်ဝတ်ပြုပြီးနောက် ယာတောပိုင်ရှင်လူကြီးက မေးခွန်းထုတ်၏။
“ဆိုပါတော့လေ၊ အခု ကျွန်မ အမဲသား အစိတ်သား လောက်လိုချင်တယ်၊ ရောင်းနိူင်မလား”
ကူမိုင်ခန်းကလည်း မိမိစားလိုသည်ကို ပြောဆိုလိုက်လေသည်။
“ဟာ..ကျုပ်ဆီမှာ ဘယ်လုပ်ပြီး အမဲသားရနိုင်မှာလဲ မိန်းကလေးရဲ့”
“ဟို နွားခြံထဲမှာ နွားတွေ လေးငါးကောင်လောက် ရှိနေတာပဲ၊ နွားတွေရှိနေမှတော့ အမဲသားလဲ ရနိုင်တာ
ပေါ့၊ လွယ်လွယ်လေး”
“အို....မဟုတ်တာ၊ နွားရှိတိုင်းဘယ်လိုလုပ်ပြီး အမဲသား ရနိုင်မှာလဲကွယ်၊ အဲနွားတွေကိုသတ်ပြီး အမဲသားပေါ်မှ အမဲသားဆိုတာကို ရနိူင်မှာပေါ့”
“ကျွန်မက လတ်လဘ်ဆက်ဆက် အမဲသားကင်ကို သိပ် ကို စားချင်တဲ့အာသီသ ဖြစ်နေဘာရှင့်၊ ဒီတော့ အမဲသား အစိတ်သားလောက် ရကိုရမှဖြစ်လိမ့်မယ်”
“ခက်တာပဲ မိန်းကလေးရယ်၊ ကျုပ်က ကျုပ်နဲ့ နွား တွေကို အခု မသတ်ချင်သေးဘူးကွ၊ ဒီတော့ အမဲသားလဲ ရနိုင်မှာ မဟုတ်ဘူး....”
“အေး...မင်းကြက်ဥ စားချင် တယ် ဆိုရင်တော့ ရမယ်၊ ဟင်းသီးဟင်းရွက်တွေလဲ နည်းနည်းပါးပါး လိုချင်တယ် ဆိုရင်လဲ ခူးပေးမယ်၊ ဟုတ်ပြီလား”
“အို....ကြက်ဥတွေ၊ ဟင်းသီးဟင်းရွက်တွေ မစားချင် ပါဘူး၊ ` ကျွန်မက လတ်လတ်ဆတ်ဆတ် အမဲသားကင်ပဲ စားချင်တာ”
“ဒီလိုဆိုရင် ငါလဲဘာမှ မတတ်နိူင်တော့ဘူး”
“ရှင်က ရှင့်ရဲ့နွားတွေကို မသတ်ချင်သေးဘူး၊ ဟုတ်လား”
“အေး..ဟုတ်တယ်”
“ရှင့် နွားတွေကို သတ်စရာမလိုဘဲ အမဲသား ရအောင် ယူမယ်၊ ဟုတ်လား၊ ကဲ...ရော့..ပိုက်ဆံ”
ပြောပြောဆိုဆို ကူမိုင်ခန်းက ကြေးပြားတစ်ပြား ထုတ် ယူကာ လှမ်းပစ်ပေးလိုက်သည်။
ယာတောပိုင်ရှင် လူကြီးမှာလည်း ယောင်ပေါင်ကာ ကူမိုင်ခန်းပစ်ပေးသော ကြေးပြားကို ဆီး၍ ဖမ်းယူထား လိုက်သည်။
ယခုတော့ မိုးဒဏ် လေဒဏ် နေဒဏ်တို့ကြောင့် ညို့ညစ်ညစ် ဖြစ်နေလေပြီ။
စုတ်သည့်နေရာက စုတ်လျက် ဖာထေးထားသည့် အရာ
များလည်း ရှိနေပြန်သည်။
ယာတော်ပိုင်ရှင်လူကြီးအား ကြေးပြားတစ်ပြားပစ်ပေး သည်နှင့် ကူမိုင်ခန်းသည်ထိုင်နေရာမှဆတ်ခနဲထရပ်ကာ နွား ခြံလေးရှိရာသို့ လှစ်ခနဲပြေးသွားလေတော့၏။
ကူမိုင်ခန်းသည် နွားခြံရှိရာသို့ ပြေးသွားပြီး ခြံထဲသို့ လွှားခနဲခုန်ဝင်လိုက်သည်။
ကိုယ်ဖော့ပညာသုံးကာ ပြေး၍ ခုန်လွှားလိုက်ခြင်းဖြစ် ရာ ကူမိုင်ခန် ၏ လှုပ်ရှားမှုများသည် အလွန်ပင် မြန်ဆန်လှ လေသည်။
တစ်ခဏမျှလောက်သော အချိန်လေး အတွင်းမှာပင် နွားခြံလေးထဲသို့ ကူမိုင်ခန်း ရောက်ရှိသွားသည်။
ယာတောပိုင်ရှင် လူကြီးမှာပင် မြေစိုက် ကွပ်ပျစ်လေး ပေါ်တွင်ထိုင်လျက် ကြောင်အမ်းအမ်းကြီး ကျန်နေခဲ့လေသည်။
ကူမိုင်ခန်းသည် နွားခြံလေးထဲသို့ရောက်သည်နှင့် ဓားတိုကလေး တစ်ချောင်းထုတ်ယူကာ အနီးဆုံးတွင် ရှိနေသည့် နွားတစ်ကောင်၏ ညာဘက်ပေါင်သား အနည်းငယ်ကို လှီး ဖြတ်ယူလိုက်၏။
“ဘောဘော….ဘောဘော”
ထိုနွားခမျာ နာကျင်မှု ဝေဒနာကို ပြင်းပြစွာခံရကာပါးစပ်မှ အော်ဟစ်လျက် ခုန်ပေါက်ပြေးလွှားလေရာ နွား ခြံလေးထဲတွင် သောသောရုတ်ရွတ်ဖြစ်ကုန်၏။
“ဟေ့...ဟေ့... မိန်းကလေး၊ “ မင်း ဘယ်လိုလုပ်လိုက်တာလဲ၊ ဒုက္ခပါပဲ”
ကြောင်အမ်းအမ်းဖြစ်နေလေသော ယာတောပိုင်ရှင်ကြီး မှာ ယခုမှပင် သတိ ပြန်ဝင်လာကာ ပါးစပ်မှ အော်ဟစ် ပြောဆိုရင်း နွားခြရှိရာသို့ ပြေး၍လာသည်။
ယာတောပိုင်ရှင်လူကြီးသည် ကူမိုင်ခန်း လောက်တော့ လျင်မြန်စွာ ပြေးလွှားလှုပ်ရှားနိူင်ခြင်းမရှိပေ။
ယာတောပိုင်ရှင်လူကြီး နွားခြံနားသို့ ရောက်မလာမီမှာ ကူမိုင်ခန်းသည် ကျန်နွားသုံးကောင်၏ပေါင်၊ ကျောကုန်း၊ လက်ပြင် စသည့်နေရာအသီးသီးမှ အသားအနည်းငယ်စီကို လှီးဖြတ်ယူလိုက်ပြီးဖြစ်၏။
“ဘော....ဘော...ဘာ”
“ဘော…ဘော”
နွားများ အလန့်တကြား အော်ဟစ်ပြေးလွှားကြလျက် နွားခြံလေးထဲတွင် ဝရုန်းသုန်းကား ဖြစ်ကုန်ပြီ။
ယာတောပိုင်ရှင် လူကြီးမှာ နွားခြံလေးနားသို့ ရောက် လာသော်လည်း ဝရုန်းသုန်းကား ဖြစ်နေကြလေသော နွားများကိုကြည့်ကာဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့အောင် ဖြစ်နေလေသည်။
ကူမိုင်ခန်း ကတော့ ဓားကိုပြန်သိမ်းကာ လှီးဖြတ်ယူထား သည့် အမဲသားများကို ဘယ်လက်တွင် ယူကိုင်လျက် နွားခြံ အပြင်ဘက်သို့ ခပ်အေးအေးပင် ခုန်လွှား၍ထွက်သွား လေသည်။
“ဒါ...ဒါ ဘာလုပ်လိုက်တာလဲဟင်၊ ဘယ်လို လုပ်လိုက် တာလဲ”
ဤအခါတွင်မှ ယာတောပိုင်ရှင်ကြီးက တရှူးရှူး တရှားရှားဖြင့် ပြောဆိုလေတော့သည်။
“ဒီမယ်.......ရှင်က ဟောဒီနွားတွေကို အလှကြည့်ဖို့ သက်သက် မွေးထားတာတော့ ဟုတ်မယ်မထင်ပါဘူး ၊ တစ်နေ့နေ့မှာ သတ်ပြီး အမဲပေါ်ရောင်းဖို့ မွေးထားတာမဟုတ်လား”
ကူမိုင်ခန်းက တရှူးရှူးတရှားရှား ဖြစ်နေသော ယာ တောပိုင်ရှင်လူကြီးကိုကြည့်ပြီး ခပ်အေးအေးပင် ပြောလိုက် သည်။
“အေး....ဒါတော့ ဟုတ်တာပေါ့ကွ”
“ကျွန်မက ရှင့်ကိုအမဲသား အစိတ်သားဖိုး ပေးပြီးမှ လှီးဖြတ်ယူခဲ့တာပဲ၊ ရှင့်နွားတွေ အသက်လုံးဝ မသေဘူး ဒါကိုများရှင်က ဘာမကျေမနပ်ဖြစ်နေရတာလဲ၊ရှင် ဒီနွားတွေကို သတ်ပြီးတောင် အမဲသားပေါ်ရောင်းဦးမှာပဲဥစ္စာ”
“ဟာ...အမဲသား ပေါ်ပြီးရောင်းတာက သတ်သတ်ကွ၊ အခု မင်းဟာက နွားကို အရှင်လတ်လတ်အသားလှီးယူတာ၊ သက်သက်မဲ့ ရက်ရက်စက်စက် လုပ်တာပဲ၊ မင်းရုပ်ကလေး လှလှပပနဲ့တောင် မလိုက်ဖက်ဘူး၊နွားတွေခမျာသနားစရာ၊ သူတို့ ဘယ်လောက် နာနာကျင်ကျင် ဖြစ်ကုန်ကြမယ်ဆိုတာ ကိုကော မင်း စဉ်းစားမိရဲ့လား”
“ဖြစ်ပြန်ပြီ၊ ရှင်က နွားတွေ ဝေဒနာ ခံစားနေရတာ မကြည့်ရက်ဘူးပေါ့....ဟုတ်စ”
“ဒါပေါ့ကွ၊ ဘယ်လိုလုပ်ပြီး ကြည့်ရက်မှာလဲ”
“ဒီလိုဆိုရင်လဲ ရပါတယ်လေ၊ ဘာမှ မခက်ပါဘူး”
ပြောပြောဆိုဆိုပင် ကူမိုင်ခန်းသည် နွားခြံလေးထဲသို့ လွှားခနဲ ပြန်၍ ခုန်ဝင်သွားသည်။
ထို့နောက် အော်မြည်တမ်းနေကြလေသော နွားများ၏ငယ်ထိပ်များကို လက်တောက်ရိုက်ချက်များ တစ်ချက်စီရိုက်ချသည်။
ပြီးတော့ နွားခြံလေးအပြင်ဘက်သို့ ခုန်လွှား၍ ပြန်ထွက်လာသည်။
နွားများမှာ နွားခြံလေးထဲတွင် အတုံးအရုံးပင် လဲကျ သေဆုံးကုန်နေခဲ့ကြလေသည်။
Comments
Post a Comment