Posts

Showing posts from May, 2025

သစ္စာသခင်နှင့် မေတ္တာရှင် အခန်း ( ၁၂ )

  အခန်း (၁၂) ကျန်းယိမင်းတို့ ပြေးလွှား နေခြင်းကို ရပ်ကာ ခေတ္တနားနေလိုက်ကြသည်။ သူတို့နားနေသော နေရာသည် နေရာထိုင်ခင်းတော့ သိပ်ကောင်းမွန်ခြင်း မရှိလှပါ။ သစ်ပင်ကြီး တစ်ပင်အောက်တွင်သာ ဖြစ်၏။ ခေတ္တမျှသာ နားနေခြင်း ဖြစ်သောကြောင့် နေရာထိုင်ခင်း ကောင်းကောင်းမွန်မွန်လည်း မလိုအပ်ပေ။ ကျန်းယိမင်းနှင့် ကူမိုင်ခန်းတို့တွင် ရိက္ခာခြောက်များပါရှိလာကြလေရာ ထိုရိက္ခာခြောက်များနှင့်ပင်သုံးယောက်သား နံနက်စာကို ဖြစ်သလိုစားသောက်လိုက်ကြ၏။ “ကျွန်တော် နာမည် ကျင်းကော့ထန်ပါ” နံနက်စာ စားနေရင်း စကားပြောရန် အချိန်ရနိုင်ပြီဟု တွေးကာ ကျင်းကော့ထန်စတင်လိုက်၏။ “ကျွန်တော် နာမည်က ကျန်းယိမင်း၊ သူကတော့ ကူမိုင်ခန်း ၊ ကျွန်တော်တို့ နှစ်ယောက် ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းမိတ်ဆွေတွေ ဆိုပါတော့ …” “ကျွန်တော်တို့ အဲ..ခရီးထွက်လာကြရင်း လျှိုမြောင်ထဲက အသံဗလံတွေကြားရလို့ ဆင်းအကြည့်မှာ ခင်ဗျား အန္တရာယ်တွေ့နေရတာ မြင်ရတာနဲ့ ဝင်ကူညီ ပေးခဲ့တာပါပဲ” ကျန်းယိမင်းကပြောသည်။ ကူမိုင်ခန်းကတော့ ကျင်းကော့ထန်နှင့် မိတ်ဆွေတွေ ဘာတွေမဖြစ်ချင်။ စကားလည်း ရှည်ရှည်ဝေးဝေး ပြောလိုသော ဆန္ဒမရှိ။ ကျင်းကော့ထန်နှင့်လမ်းခွဲကာ ကိုယ့်ဘာသာကိုယ်သွားစရာရှိတာကို ဆက်သွားလို...

သစ္စာသခင်နှင့် မေတ္တာရှင် အခန်း ( ၁၁ )

  အခန်း (၁၁) ကူမိုင်ခန်း၏ အခြေအနေကတော့ တစ်မျိုး။ ကျန်းယိမင်းတို့နှင့် မတူ။ ငါးမန်းနက်ရော ငှက်မိစ္ဆာပါ ကူမိုင်ခန်းထက် သိုင်းပညာစွမ်းရည် သာလွန်မြင့်မားကြသည်။ သူတို့ နှစ် ယောက် ပူးပေါင်းထားကြလေသောအခါ ကူမိုင်ခန်းထက် များစွာ အစွမ်းအစ မြင့်မားနေ၏။ ကူမိုင်ခန်းသည် ဖျတ်လတ်သွက်လက်သော ကိုယ်ဟန်လှုပ်ရှားမှုနှင့် ထိမိပြင်းထန်သော သိုင်းကွက် သိုင်းဟန် အပြောင်းအလဲများကို တိုက်နည်းပရိယာယ် ကြွယ်ဝစွာ တိုက်ခိုက်သည့် အတွက်ကြောင့်သာ သိုင်းကွက်ဆယ်ကွက်ခန့် အပြန်အလှန်ရင်ဆိုင်၍ တိုက်ခိုက်နိူင်ခဲ့ပေသည်။ ဤသို့ တိုက်ခိုက်ပြီး သည်နှင့် ဤလူနှစ်ယောက်သည် မိမိထက် သိုင်းပညာစွမ်းရည် သာလွန်မြင့်မားကြောင်း ကူမိုင်ခန်း အကဲခတ် သိရှိသွား၏။ သိုင်းကွက် ဆယ်ကွက်ကျော်လျှင် မိမိအတွက်အခွင့်မသာ နိုင်တော့။ အရေးရှုံးနိမ့်ဖို့ပင် များကြောင်းကိုလည်း နားလည်၏။ တစ်ဖက် တွင် ငါးမန်းနက်နှင့် ငှက်မိစ္ဆာတို့ကလည်း ကူမိုင်ခန်း၏ သိုင်းပညာအစွမ်းကို အကဲခတ်မိသွားကြ၏။ ထို့ကြောင့်… အပြတ် ချေမှုန်းပစ်နိူင်ရန် တိုက်စစ်အရှိန်အဟုန်ကို မြှင့်တင်လိုက်ကြသည်။ တစ်ဖက်လူတို့၏ တိုက်စစ်အရှိန်အဟုန် မြင့်တက်လာသည်နှင့် ကူမိုင်ခန်းသည် ပရိယာယ်ကြွယ်ဝစွာပင် လုပ်ကြံဖန်တီ...