သစ္စာသခင်နှင့် မေတ္တာရှင် အခန်း ( ၁ )
အခန်း ( ၁ )
ညနေ အတော်စောင်းနေပြီ။ နေတော့ မဝင်သေးပါ။
အနောက် မိုးကုပ်စက်ဝိုင်းတွင် မေးတင်နေလေသော နေမင်းကြီးသည် နှုတ်ခွန်းဆက်သည့်အနေဖြင့် ပုစွန်သွေး ရောင် နေခြည်နူတန်းများဖြင့် မြေပြင်ကို လွှမ်းခြုံထား သည်။
ကျန်းယိမင်း စိမ်းလဲ့ ရေတံခွန် တောအုပ်ထဲမှ ခြေလှမ်း မှန်မှန်ဖြင့် လျှောက်လှမ်းထွက်လာသည်။
သူ့ပခုံးတွင် ပျားရည်ကျည်တောက်တစ်ခု လွယ်၍ထား သည်။
သူ၏ လက်စွဲတော် ကြိုးခွေ မှာလည်း ခါးတွင်ရစ်ပတ် အကြား တတ်မြောက်ခဲ့သည်။ လျက်၊ ဤကြိုးကို နွားအကြောဖြင့် ပြုလုပ်ထား၍ အလွန် ခိုင်ခံ့ သည်။
ကြိုးတစ်ဖက်ထိပ်တွင် ချိတ်ကောက်လေးပါရှိသည်။ သစ်ပင် သစ်ကိုင်းများတွင် ရစ်ပတ် ချိတ်တွယ်စေလျက် တွဲခိုခုန်ကူးရာတွင် အထူး အသုံးဝင်လှသော ကြိုးခွေဖြစ် လေသည်။
စိမ်းလဲ့ရေတံခွန် တောအုပ်ထဲတွင် မြင့်မားလှသော သစ်ပင်ကြီးများထူထပ် သိပ် သည်း စွာ ပေါက်ရောက်နေ ကြသည်။
တောပန်း တောင်ပန်းများ ဝေစည်သည်။ အထူးသဖြင့် ...
ပျားပေါင်းစုံတို့ ကျက်စားရာ နေရာဌာနလည်း ဖြစ်သည်။
ကျန်းယိမင်းသည် သစ်ပင်တက် ကျွမ်းကျင်သည်။ ပျားတို့၏ သဘာဝကို နားလည်သည်။ အဖိုးတန်ပြီး ရှားပါးသော ပျားရည်များကိုရှာဖွေ စုဆောင်း ရောင်းချခြင်းဖြင့် သူ၏ မိသားစုကို လုပ်ကျွေး နေသည်။
ကျန်းယိမင်းသည် လွန်ခဲ့သည့် တစ်နှစ်ခန့်က ထူးခြား သော အကြောင်းကံ တိုက်ဆိုင် ဖန်တီးမှုကြောင့် သိုင်း လောကနှင့် ထိတွေ့ပတ်သက်မှု ရှိခဲ့သည်။ လျှို့ ဝှက် ဆန်းပြားလှသော သိုင်းပညာအချို့ ကို သင်
သိုင်းလောက၏ ထိပ်တန်းအကျဆုံးသော အတွင်းအား ဟု ဆိုရမည့် “ကဝိ မနော” အတွင်းအားကို လေ့ကျင့် အောင်မြင်ထားသည်။
ထို့ပြင်...
ကျောင်းပိယောင်ဆိုသော သိုင်းကညာပျို တစ်ယောက် ကိုလည်း တစ်ဖက်သတ် စွဲလမ်းချစ်ခင်ခဲ့လေသေးသည် ။
ယခုတော့ …
ဒါတွေအားလုံးသည် အတိတ်က ကိစ္စတွေဖြစ်ကုန်ပြီ။ လွန်လေပြီးသောကာလတွင် ကျန်နေခဲ့ကြပြီ။ ယခုဆိုလျှင်...
ကျောင်းပိယောင်နှင့်လည်း ကွဲကွာ၍ နေခဲ့ပြီ။ ပြန်လည်ဆုံတွေ့ရန်လည်း အကြောင်းမရှိတော့။ သိုင်းလောက၏ အရေးကိစ္စများနှင့်လည်း ကျန်းယိမင်း ဘာမျှမပတ်သက်တော့။
သူ၏ မူရင်းဘဝဖြစ်သော ပျားဖွပ်သမားလေး ဘဝသို့ ပြန်ရောက်နေပြီ။
စိမ်းလဲ့ရေတံခွန် တောအုပ်ထဲရှိ သစ်ပင်မြင့်ကြီးများ ပေါ်တွင်သာ သွားလာကျက်စား၍ ရိုးသားသော ဘဝ ဖြစ်စဉ်တွင် ပြန်လည်ကျင်လည်နေပြီ။
တစ်ခု အကျိုးရှိတာတော့ရှိသည်။
သူတတ်မြောက်ခဲ့သော တိမ်မီးခိုးကိုယ်ပျောက်ပညာမှာ သူ၏ သွားလာလှုပ်ရှားမှုကို များစွာ သွက်လက် မြန်ဆန် အောင် အထောက်အကူ ပြုသည်။
ကျန်းယိမင်းသည် မူလကပင် သစ်ပင်တက် အထူး ကျွမ်းကျင်သည်။
သစ်ပင်မြင့်ကြီးများ တစ်ပင်မှတစ်ပင်သို့ ကူးသန်း လှုပ် ရှားနိူင်စွမ်းပင် ရှိခဲ့၏။
တိမ်မီးခိုးကိုယ်ပျောက်ပညာ တတ်မြောက်ထားပြီးသည့် နောက်တွင်မူ ကျန်းယိမင်း အနေဖြင့် မျောက်များထက်ပင် မိုကျွမ်းကျင် ပိုင်နိူင်စွာ သစ်ပင်တက်နိူင်ခဲ့သည်။
သစ်ပင်များပေါ်တွင် ကျင်လည်စွာ သွားလာလှုပ်ရှား နိူင်ခဲ့သည်။
သည်တစ်ခုကိုတော့ ကျန်းယိမင်း အတော် ကျေနပ် သဘောကျနေ၏။
ပျားရည်ကျည်တောက်ကို လွယ်ကာ စိမ်းလဲ့ရေတံခွန် တောအုပ်ထဲမှ အေးအေးဆေးဆေး လျှောက်လှမ်း ထွက် လာခဲ့သော ကျန်းယိမင်းသည် ရုတ်တရက် အသံတစ်ခုကို ... ကြားလိုက်သောကြောင့် လျှောက်လှမ်းနေသော ခြေလှမ်း များ ရပ်တန့်သွားရလေသည်။
“ခဏ...ခဏလောက် နေပါဦးရှင်”
အသံသည် မိန်းကလေး တစ်ယောက်၏ အသံဖြစ်သည်။ တုန်ယင်အားပျော့သယောင်လည်း ရှိ၏။
ယခု....
ကျန်းယိမင်း ရောက်နေသည့် နေရာသည် စိမ်းလဲ့ ရေတံခွန် တောအုပ်၏ အစပ်အနားဖြစ်သည်။
ဆက်လက်၍......
ပေငါးဆယ်ခန့်လျှောက်လှမ်းပြီးလျှင် စိမ်းလဲ့ ရေတံခွန် တောအုပ်နယ်ပယ်ထဲမှ အပြင်သို့ ရောက်သွားတော့မည်။ စိမ်းလဲ့ ရေတံခွန် တောအုပ်ထဲတွင် ကျား၊ ကျားသစ် စသော သားရဲကောင်များ မရှိသော်လည်း ပျားတွေက တော့ အများအပြား ရှိသည်။
အထူးသဖြင့်....
အလွန် အဆိပ်ပြင်းလှသော အတောင်နီ ပျားစိမ်းများ လည်း ရှိပေရာ လူသူ အရောက်အပေါက် အလွန်နည်း၏။ “ ပျားတို့၏ သဘာဝကို နားလည်ကာ ပျားတောင် ပံ ခတ် အချက်ပေးသံမျိုး ပြုလုပ်လျက် ပျားများကို စိတ် တိုင်းကျစေစားနိုင်သော ကျန်းယိမင်းသာလျှင် အကြောက် အရွံ့မရှိ ထိုတောအုပ်ထဲတွင် သွားလာ ကျက်စားနေသည်။
ယခု....
စိမ်းလဲ့ ရေတံခွန် တောအုပ်အစပ်နားတွင် မိန်းကလေး တစ်ယောက် ရောက်ရှိနေသည့်အတွက် ကျန်းမင်း အံ့ဩ မိသည်။
လူကို မမြင်ရသေးဘဲ အသံလေးသာကြားရခြင်း ဖြစ် သော်လည်း ထိုအသံသည် တုန်ယင်အားပျော့သလို ရှိနေရာ မိန်းကလေးသည် သာမန်အခြေအနေတွင် မရှိဘဲ ထိခိုက် အနာတရ ဖြစ်ကောင်းဖြစ်နေမည်ဟု ကျန်းယိမင်း တွေးသည်။
ရုတ်တရက် ကြားလိုက်ရသော ထူးခြားသည့် မိန်း ကလေး၏အသံကြောင့် ကျန်းယိမင်း ခြေလှမ်း တုံ့ရပ်ကာ တွေးတော ကြည့်နေခိုက်မှာပင် သူ့ရှေ့ဘက်နားရှိ ချုံ ပုတ်တစ်ခု လှုပ်ရှားသွားကာ မိန်းမပျိုလေးတစ်ယောက် ထွက်၍လာသည်။
မိန်းမပျိုကို မြင်ရသောအခါ ကျန်းယိမင်း မျက်လုံးပြူး ၍ သွားရလေသည်။
ကျန်းယိမင်းတွက်ကိန်း မလွှဲပါ။
မိန်းမပျိုသည် သာမန်အခြေအနေတွင် မရှိတော့။ အတော်လေး အခြေအနေ ပျက်ယွင်းနေပေ၏။ မိန်းမပျိုသည် အသက် ဆယ့်ကိုးနှစ် နှစ်ဆယ်ခန့်ရှိ၏။ ကျန်းယိမင်းနှင့် မတိမ်းမယိမ်း။ သက်တူရွယ်တူလောက်ပင်။ ဆံပင်ကမူ အရှည်မဟုတ်။ ခပ်တိုတိုဖြစ်သည်။ .
အစိမ်းနူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။
ခါးတွင် ဓားရှည်တစ်လက်ချိတ်လျက် ခါးစည်းကြိုး တွင် ဓားတိုနှစ်လက် ထိုးထားသည်။
လက်နက်ပုန်းအိတ်ဟု ထင်ရသော အိတ်လေးတစ်လုံး လည်း ပါရှိသေးသည်။
မိန်းမပျိုဝတ်ထားသော အစိမ်းနူရောင် ဝတ်စုံသည် အချို့နေရာများတွင် စုတ်ပြတ်ကာ အတော်လေး ညစ်ပတ် နေသည်။
သွေးစက်နှင့် ဖုန်မှုန်များ ပေကျံ၍နေသည်။ ညာလက်မောင်းတွင် ပဝါတစ်ထည်ကို ပတ်တီးသဖွယ် အသုံးချကာ ဖြစ်ကတတ်ဆန်း စည်းနှောင်ထား၏။
ဝါတွင် သွေးများ စွန်းထင်းနေသည်။
“ခင်ဗျား ဘယ်သူလဲ၊ ထိခိုက်ဒဏ်ရာ ရထားသလား" ကျန်းယိမင်းက စိုးရိမ်ဟန်ဖြင့် ခပ်မြန်မြန်မေးလိုက်၏။ “ကျွန်မနာမည် `ကူမိုင်ခန်း၊ ဒဏ်ရာလဲ ရံထားတယ်၊ ဒါကြောင့် ရှင့်ဆီက အကူအညီ တောင်းချင်လို့” ကျန်းယီမင်းသည် စိတ်ထားဖြောင့်မတ်သည်။ သူတစ်ပါးကို အကူအညီ ပေးလိုသည့်စိတ်လည်းရှိ၏။ ဒဏ်ရာအနာတရ ဖြစ်လာသူကို ကူညီရန် ဝန်မလေး ပါ။
ဘာကူညီပေးရမည်နည်းဟု မေးမည်ပြုပြီးမှ မိန်းမပျို ၏ ကိုယ်ပေါ်ရှိ ဓားရှည်၊ ဓားတို လက်နက်များကို သတိ ရကာ နှုတ်ကိုထိန်းလိုက်သည်။
ကျန်းယိမင်းသည် သိုင်းလောက၏။ အရှုပ်အရှင်းများ နှင့် ပတ်သက်ခြင်း မပြု လိုတော့ပါ။
စိမ်းလဲ့ရေတံခွန် တောအုပ်ထဲတွင် ကျက်စားရင်း အေးအေးချမ်းချမ်းသာ နေထိုင်လိုသည်။
ထို့ကြောင့်...
မိမိဘက်မှ စကားမလွန်ရလေအောင် အကူအညီပေး မည့် ကိစ္စကို ဘာမျှမပြောသေးဘဲ ကူမိုင်ခန်းဆိုသူ မိန်းမပျို ၏ အခြေအနေကို သေသေချာချာသိရအောင် မေးမြန်း ကြည့်ရန် စိတ်ကူးသည်။
လက်နက်တွေ ကိုင်စွဲထားတိုင်း သိုင်းလောကနှင့် ပတ် သက်သူဟူ၍ တရားသေပြော၍ မရနိူင်ပေ။
“တစ်ခုတော့ မေးထားပါရစေဦး”
“ဘာများ မေးချင်လို့လဲရှင့်”
“ခင်ဗျားက ဘယ်လိုလုပ်ပြီး ဒဏ်ရာအနာတရ ဖြစ်ရ တာလဲ၊ သိုင်းသမားတွေနဲ့ တိုက်ခိုက်လာရလို့များလား... "
“ကျင်းတန့်ဂိုဏ်းက လူတွေနဲ့ တိုက်ခိုက်ရလို့ ဒဏ်ရာ ရထားတာပါ၊ ကျင်းတန့်ဂိုဏ်းသားတွေ ဒီနေရာကို မကြာ ခင် ရောက်လာနိူင်ကြတယ်၊ သူတို့ ရောက်လာရင် ကျွန်မ ဘက်က ဝိုင်းကူတိုက်ပေးပါနော်”
ကူမိုင်ခန်း၏ အဖြေစကားကို ကြားရသောအခါ ကျန်း ယိမင်း မျက်မှောင်ကြုတ်သွားသည်။
ကျင်းတန့်ဂိုဏ်းဆိုသည်ကို ကျန်းယိမင်း မကြားဖူးပါ။ သို့သော်.....
သိုင်းဂိုဏ်းတစ်ဂိုဏ်း ဖြစ်မှန်းတော့ နားလည်သည်။
သိုင်းလောကနှင့် ပတ်သက်မှု မပြုလိုတော့သော ကျန်း ယိမင်းသည် ကျင်းတန့်ဂိုဏ်းသားများနှင့် တိုက်ခိုက်ရန်ကို စိတ်မဝင်စားပါ။
တိုက်ခိုက်မှုလည်း မပြုလိုပါ။
“ဟာ......ဘယ်ဖြစ်မှာလဲ”
ကျန်းယိမင်း ချက်ချင်းပင် ငြင်းဆန်လိုက်မိသည်။ “ဖြစ်ပါတယ်ရှင့်၊ ရှင့်ရဲ့ သိုင်းပညာစွမ်းနဲ့ဆိုရင် ကျင်း တန့် ဂိုဏ်းသားတွေကို ကောင်းကောင်းကြီး တိုက်ခိုက် အနိူင်ယူနိုင်ပါတယ်”
မိမိကို သိုင်းပညာစွမ်း ထက်မြက်သလို ပြောဆိုလာ သော ကူမိုင်ခန်း၏ စကားကြောင့် ကျန်းယိမင်း မျက် မှောင် ကြုတ်သွားရပြန်သည်။
“နေပါဦး၊ ကျွန်တော် သိုင်းပညာအစွမ်းကောင်းတယ် လို့ ခင်ဗျားက ဘာကြောင့်ပြောနိုင်ရတာလဲ၊ ခင်ဗျားနဲ့ ကျွန်တော့်က အခုမှ တွေ့ကြရတဲ့ဥစ္စာ”
“ရှင် သစ်ပင် တစ်ပင်ကတစ်ပင် ခုန်ကူးနေတာ၊ ပြီး တော့ သိပ်မြင့်တဲ့ သစ်ပင်မြင့်မြင့်ကြီးပေါ်ကနေ အောက်ကို ခဏလေး ဆင်းလာတာတွေကို.. ကျွန်မ တွေ့နေခဲ့ရတာပဲ။ ဒီလိုလုပ်နိူင်တဲ့သူဟာ သိုင်းပညာကောင်းလို့ပဲပေါ့
“မဟုတ်သေးပါဘူးဗျာ”
“ဘာ မဟုတ်တာလဲ၊ ရှင်က သိုင်းပညာ မတတ်ဘူးလို့ ငြင်းချင်တာလား”
ကျန်းယိမင်း အကျပ်တွေ့သွားရသည်။
သူသည် ဖြောင့်မတ်တည်ကြည်ကာ ရိုးသားသူလည်း ဖြစ်သည်။
လိမ်လည်လှည့်ဖြားပြောဆိုခြင်းမျိုး မလုပ်တတ်။ အဆင့်မြင့် လျှို့ဝှက်သိုင်းပညာရပ် တစ်ခု နှစ်ခုကို ပိုင် နိူင်စွာ တတ်မြောက်ထားပါလျက် သိုင်းမတတ်ဘူး ဟူ၍ လည်း ဗြောင်မငြင်းဆန်လို။
“ကျွန်တော်က သူများနဲ့ တိုက်တာ ခိုက်တာ မျိုးတွေ လုံးဝမလုပ်ချင်ဘူး၊ ကျွန်တော် ဘာသာ အေးအေးဆေး ဆေး နေ့ချင်တာ။"
“ဒါကြောင့် ခင်ဗျားပြောသလို ကျင်းတန့်ဂိုဏ်းသား တွေကို ကူပြီးတိုက်ခိုက်ပေးရမယ် ဆိုတာကိုတော့ ဘယ်လို နည်းနဲ့မှ မလုပ်နိူင်ဘူး"
ကျန်းယိမင်းသည် သိုင်းပညာ မတတ်ဟု ဗြောင်ငြင်း ဆန်ခြင်း မပြုဘဲ သူတစ်ပါးနှင့် တိုက်ခိုက်ခြင်းမပြုဟု ဆို ကာ ကူမိုင်ခန်း၏ အကူအညီ တောင်းခံမှုကို ယတိပြတ်ပင် ငြင်းဆန်လိုက်လေသည်။
“ရှင်တကယ်ပဲ ... သူတစ်ပါးနဲ့ တိုက်တာခိုက်တာတွေ မလုပ်ဘူးလား”
“ဟုတ်တယ်၊ တကယ်ပဲ”
“ရှင့်ကို တိုက်ခိုက်လာတဲ့လူနဲ့ ရင်ဆိုင်ရရင်ကော ရှင်က ပြန်မတိုက်ဘူးလား”
“ကျွန်တော်က ရန်လိုတဲ့လူမှ မဟုတ်တာ၊ ပြီးတေခု တစ်ယောက်တည်း အေးအေးဆေးဆေး နေတဲ့လူလဲ ဖြစ် တယ်၊ ဒီတော့ ကျွန်တော် ့ကို ဘယ်သူက တမင်သက်သက် လာပြီး တိုက်ခိုက်ရန်ပြုမှာလဲ'
“ဘာပဲဖြစ်ဖြစ်လေ ရှင် အတိုက်ခံရရင် ပြန်မတိုက်ဘူး လား၊ အဲဒါကိုသာဖြေပါ”
“ပြန်မတိုက်ဘူးဗျာ”
“ရှင်တတ်ထားတဲ့ သိုင်းပညာတွေကို ထုတ်မသုံးတော့
ဘူးလား"
“ဟင့်အင်း......မသုံးဘူး”
လွှတ်ခနဲ ပြောလိုက်မိပြီး...
ဤစကားသည် မိမိ သိုင်းပညာတတ်ကြောင်း ဝန်ခံလိုက် သလို ဖြစ်သွားမည်လားဟု တွေးသည်။
သို့သော်......
နှုတ်မှ ထွက်သွားပြီဖြစ်ရာ ထိုစကားကို ပြန်နှုတ်၍ မရ တော့ပါ။
ကူမိုင်ခန်း၏မျက်နှာပေါ်တွင် ကျေနပ်သွားသည့် အရိပ် အသွင်လေးတစ်ခု ရိပ်ခနဲပေါ်လျက် ချက်ချင်း ဆိုသလိုပင် ပြန်လည်ပပျောက်သည်။
မိမိစကားလွန်သွားပြီဟု စိတ်လှုပ်ရှား၍နေသော ကျန်း ယိမင်းကမူ ကူမိုင်ခန်း၏ အမူအရာ ပြောင်းလဲသွားမှုလေး ကို အကဲမခတ်မိလိုက်ပေ။
မသိလိုက်မိပေ၊
“ရှင်က ထိခိုက်အနာတရဖြစ်နေတဲ့ မိန်းကလေး တစ်ယောက်ကို ဘာမှအကူအညီမပေးဘဲ လျစ်လျူရှုထွက်သွားတော့မှာကိုး”
ကူမိုင်ခန်းက ခပ်တိုးတိုးကလေး ရေရွတ်ပြောကြား၏။ နိမ့်ကာတိုးညင်းသော အသံတွင် ငိုသံလေးများပင် ရောစွက်ပါရှိနေသည်။
စကားအဆုံးတွင် ကျိတ်၍ရှိုက်လိုက်သည်။
သို့သော်…
ကူမိုင်ခန်း ကျိတ်၍ ရှိုက်ငိုလိုက်သည်ကို ကျန်းယိမင်းကတော့ ကြားလိုက် သိလိုက်ပါသည်။
ကျန်းယိမင်း အတော်ပင် စိတ်မကောင်းဖြစ်သည်။
သူသည် စိတ်ထားဖြောင့်မတ်သည်။
သူတစ်ပါးကို ကူညီလိုသည့် စိတ်လည်း အပြည့်အဝရှိသည်။
သိုင်းလောက အရှုပ်အထွေးများနှင့် မပတ်သက်လိုဘဲ မိမိဘာသာ အေးအေးချမ်းသာ နေလိုသောကြောင့်သာ ကျင်းတန့်ဂိုဏ်းဝင်များနှင့် ရင်ဆိုင်တိုက်ခိုက်ရာတွင် ပါဝင် ကူညီခြင်း မပြုနိုင်ကြောင်း ပြတ်ပြတ်သားသား ငြင်းပယ် နေခြင်း ဖြစ်သည်။
ထိခိုက်အနာတရ ဖြစ်နေလေသော ကူမိုင်ခန်းကို သည် အတိုင်း ဖြစ်လိုရာဖြစ်ဟူ၍ ပစ်ပစ်ခါခါ ကျောခိုင်း ထွက် သွားလိုစိတ်တော့ အမှန်ပင်မရှိပေ။
ကျင်းတန့် ဂိုဏ်းအကြောင်း ဘာမျှမသိသော်လည်း ထိခိုက်အနာတရ ဖြစ်နေလေသော ကူမိုင်ခန်းအနေဖြင့် ကျင်းတန့် ဂိုဏ်းဝင်များနှင့် ရင်ဆိုင်တိုက်ခိုက်ရလျှင် အရေးရှုံး နိမ့်ကာ ဒုက္ခများကြုံရမည် ဟူ၍မူ တွေးမိသည်။
“ခင်ဗျားကို ကျွန်တော် လျစ်လျူရှုပြီး ထွက်မသွား ပါဘူး”
ကျန်းယိမင်းက ပြောလိုက်သည်။
“ဒါဆို ရှင်က ကျွန်မကိုကူညီပြီး ကျန်းတန့် ဂိုဏ်းဝင် တွေကို ဝိုင်းတိုက်ခိုက်ပေးတော့မှာပေါ့ ဟုတ်လား” ကူမိုင်ခန်းက ဝမ်းသာအားတက်ဟန်ဖြင့် ဆိုသည်။
တိုက်ခိုက်တဲ့ နေရာမျိုးမှာတော့ ကျွန်တော် ဘယ်လိုမှ ကူညီမပေးနိုင်ဘူး၊ ခင်ဗျားကို ဟိုလူတွေရှာလို့ မတွေ့အောင် ပုန်းအောင်းနိူင်မယ့် နေရာတစ်ခုခုကိုပဲ ကူညီ လမ်းညွှန်ပြ ပေးမယ်”
“အဲဒီလို ပုန်းအောင်းနေနိူင်မယ့် နေရာမျိုး ဒီအနီး အနားမှာ ရှိလို့လား”
“ရှိပါတယ်”
“ဒါဆို ပိုကောင်းတာပေါ့၊ ကဲ...ကျွန်မ ဘယ်မှာပုန်းရ မလဲ၊ နေရာပြပေးတော့”
“ပြပါ့မယ်၊ တစ်ခုတော့ရှိတယ်၊ ရှင်းအောင်ပြောထား ချင်တယ်”
“ဘာများလဲ”
“ကျွန်တော်က ဆောင်ရွက်ပေးနိုင်တာမို့လို့ ကျွန်တော် လုပ်ပေးတာ၊ ဒီအတွက် ခင်ဗျားအနေနဲ့ ကျွန်တော် ကို အထွေအထူး ကျေးဇူးတင်နေစရာ မံလိုဘူး...
“ပြီးတော့ နောက်နောင်ကို ခင်ဗျားနဲ့ကျွန်တော် ဘာ မှလဲ ပတ် သက် စ ရာ အ ကြောင်း မ ရှိ စေ ချင် တော့ ဘူး၊ ဒီစကားပြောရတာ ရိုင်းပျရာကျသွားရင်လဲ ခွင့်လွှတ်ပါ၊ ကျွန်တော်က တစ်ယောက်တည်း အေးအေးချမ်းချမ်း နေ ချင်တာကြောင့် ပြောရတာပါ”
ကူမိုင်ခန်းက ကျန်းယိမင်းကို ထူးဆန်းသည့် လူတစ် ယောက်လို တစ်ချက် ကြည့်သည်။
စိမ်းလဲ့ရေတံခွန် တောအုပ်ကြီးထဲတွင် ပုန်းအောင်းနေ စရာ နေရာတွေ အမြောက်အမြားပင် ရှိသည်။
ကျန်းယိမင်းမှာ ဤတောအုပ်ထဲတွင် ကျင်လည် ကျက် စားနေသော လူတစ်ယောက်ဖြစ်ပေရာ ကူမိုင်ခန်းအတွက် ပုန်းခိုနားနေစရာတစ်ခု ရှာဖွေပေးဖို့ ဘာမျှမခက်ပါ။ ကူမိုင်ခန်းကို သစ်ခေါင်းတစ်ခုရှိရာသို့ လမ်းပြပို့ ပေးလိုက်သည်။
သစ်ခေါင်းမှာ လူတစ်ယောက် ... ကောင်း စွာ နေ နိုင် လောက်အောင် ကျယ်ဝန်းသည်။
အနီးအနားတွင် အတောင်နီပျားအိမ်များ၏ပျားအုံကြီး နှစ်အုံလည်း ရှိသည်။
အဆိပ် ပြင်းလှသော အတောင်နီ ပျားစိမ်းများသည် ကူမိုင်ခန်းအတွက် သဘာဝ ခုခံကာကွယ်ရေး လက်နက် သဖွယ် ဖြစ်နေပေသည်။
အတောင်နီ ပျားစိမ်းများ၏ တိုက်ခိုက်ရန်ပြုမှု မခံရလေ အောင်လည်း ကူမိုင်ခန်းကို လိုအပ်သည့် ကာကွယ်ပေးမှု များကို ကျန်းယိမင်းက အပြည့်အစုံ လုပ်ပေးသည်။
ထို့နောက်....
ထိုအကြည့်သည် အတော်ပင် ရွှန်းရွှန်းစားစားရှိသည်။
“ကောင်းပါပြီတဲ့ရှင်၊ ရှင့်သဘောအတိုင်းပါပဲ၊ ကျွန်မ ကတော့ ဒီနေ့ ရှင်နဲ့တွေ့ဆုံပြီး အကူအညီရခဲ့တာကို တစ်သက်လုံး မှတ်မှတ်ရရ ရှိသွားမှာပါ”
ကူမိုင်ခန်းကို နှုတ်ဆက်ကာ ကျန်းယိမင်း ထွက်ခွာလာခဲ့ သည်။
ထိခိုက်အနာတရ ဖြစ်နေလေသော ကူမိုင်ခန်းကို မျက် ကွယ်ပြု လျစ်လျူ ရှုထားခြင်း မဖြစ်ရအောင် အတတ်နိူင်ဆုံး လုပ်ဆောင်ကူညီ ပေးခဲ့ပြီးပြီမို့ ကျန်းယိမင်း အတော်လေး ဘဝင်ကျသွားရပေပြီ။
သိုင်းလောက အရှုပ်အထွေးများနှင့် ဆက်နွှယ်ပတ်သက် ခြင်း မရှိရစေဘဲ ကူညီနိုင်ခဲ့သည့် အတွက်လည်း ကျေနပ် သဘောကျနေသည်။
သို့သော်...
ကျန်းယိမင်း၏ ကျေနပ်မှုသည် ခေတ္တမျှသာ ကြာမြင့်၏ ကျန်းယိမင်းအနေဖြင့် သိုင်းလောကနှင့် မပတ်သက်ဘဲ. နေ၍မရအောင် ဖြစ်စေမည့် အကြောင်းကိစ္စများသည် တစ် ခုပြီး တစ်ခု ဆက်တိုက်ပေါ်ပေါက် လာခဲ့ပေတော့သည်။
ခြေလှမ်းနှစ်ဆယ်ခန့် လျှောက်လှမ်းပြီသွားသည့် အချိန် မှာပင် ပထမဆုံးသော အရေးကိစ္စ ပေါ်ပေါက်လာလေတော့သည်။
လျှောက်လှမ်းလာခဲ့သော ကျန်းယိမင်း၏ခြေလှမ်း အလှမ်းနှစ်ဆယ်ခန့် ရှိသွားသည့်အချိန်တွင် ဖြစ်သည်။ အရင်ဆုံး ပြေးလွှားလာသော ခြေသံများ ကျန်းယိမင်း ကြားရသည်။
ကျန်းယိမင်း၏ လျှောက်လှမ်းနေသော ခြေသံများ ချက် ချင်း ရပ်တန့်သည်။
ကြားရသည့် ခြေသံများကို နားစွင့်ကာ စူးစမ်းကြည့်
“ဘယ်ကလူတွေ ရောက်လာကြတာလဲ၊ ခြေသံတွေက တော့ အတော်များတယ်၊ လူ လေး ငါး ခြောက် ယောက် လောက်တော့ ရှိလိမ့်မယ် ဘာကြောင့် အပြေးအလွှား လာနေကြရတာပါလိမ့်”
စိတ်ထဲမှလည်း တွေးတောကြည့်မိသည်။ ကျန်းယိမင်းအနေဖြင့် ကြာကြာတွေးတော အဖြေရှာ နေဖို့ မလိုပါ။
တစ်ခဏအတွင်းမှာပင် ခြေသံရှင်များနှင့် ကျန်းယိမင်း ရင်ဆိုင် တိုးရလေတော့သည်။
ပြေးလွှားရောက်ရှိ လာကြသူတို့မှာ အားလုံး ငါးဦး ဖြစ်သည်။
အသက်လေးဆယ်ခန့်ရှိ ယောက်ျားကြီးတစ်ယောက်နှင့် အသက်နှစ်ဆယ်ဝန်းကျင် လူရွယ်လေးယောက်။
ယောက်ျား ကြီး သည် ခရမ်းရောင်ဖဲအင်္ကျီ ရှည်ရှည် ဖားဖားကြီးကို ဝတ်ထားသည်။
လူရွယ် လေးယောက်ကမူ အညိုရောင်သိုင်းဝတ်စုံများ ဝတ်ဆင်ထားကြသည်။
ထိုလူငါးယောက်၏ ခါးတွင် ဓားရှည်များ ကိုယ်ချိတ် ထားကြသည်။
လက်ကိုင်ရိုး အရှည်တပ် နှစ်ဖက်သွား ပုဆိန်များကို လည်း - နောက်ကျောပေါ်တွင် စလွယ်သိုင်း၍ ထားကြ၏။
လက်နက်ပုန်း အိတ်များလည်း ကိုယ်စီပါရှိသည်။ မြင်ရုံနှင့် သိုင်းသမားများ ဖြစ်ကြောင်း သိသာနိုင်ပေ
သည်။
“ခင်ဗျားတို့က......”
မည်သူမည်ဝါတွေ ဖြစ်ကြလေသနည်းဟု ကျန်းယိမင်းက မေးမြန်းကြည့်ရန် ဖြစ်သော်လည်း စ ကား ကို ဆုံး အောင် မပြောနိုင်။
စကား လိုက်ရုံ ရှိသေးသည်။ တစ်ဖက်လူများ၏ ဝင်ရောက်တိုက်ခိုက်ခြင်းကို ခံရလေ တော့သည်။
အညိုရောင် သိုင်းဝတ်စုံဝတ် လူရွယ် နှစ်ယောက်က ကျန်းယိမင်းကို ဘယ်ဘက်နှင့်ညာဘက်တို့မှ လက်ဝါးရိုက် ချက်များဖြင့် ဝင်ရောက်တိုက်ခိုက်လာ၏။
ခရမ်းရောင်ဝတ်စုံဝတ် အဘိုးအိုနှင့် ကျန်လူရွယ် နှစ် ယောက်က အသင့်အနေအထားဖြင့် ရှိနေကြသည်။
ကျန်းယိမင်း အကျဉ်းအကျပ် အခြေအနေနှင့် ရင်ဆိုင် နေရလေသည်။
သူ့သည် ကဝိမနော အတွင်းအားကို လေ့ကျင့်ရရှိ ထားလေသည်။
နဂါးလှိုင်းစီးသိုင်း၊ နဂါးတောင်ဖြိုသိုင်းနှင့် တိမ်မီး ခိုး ကိုယ်ပျောက်ပညာကဲ့သို့သော လျှို့ဝှက် ဆန်းပြားသည့် ထိပ်တန်းသိုင်းပညာအချို့ လည်း တတ်မြောက်ထားလေ၏။ ကျန်းယိမင်းကို ပထမတန်း-သိုင်းသမားတစ်ယောက်ဟုပြောမည်ဆိုက ပြောနိုင်သည်။
သို့သော်.... ကျန်းယိမင်းက..
သိုင်းလောကနှင့် ပတ်သက်လိုခြင်းမရှိ၊ မိမိဘာသာ အေးအေးချမ်းချမ်း နေလိုသည်။ မိမိ တတ်မြောက်ထားသည့် သိုင်းပညာများကိုလည်း အသုံးမချလိုပေ။ ထို့ပြင်.... မကြာသေးမီကမှ..
ကူမိုင်ခန်းအား မိမိအနေဖြင့် ဇာတ်မြှုပ်ထား သည့် သိုင်းပညာများကို အသုံးမပြုဟူ၍ စကားလွန်ထားမှုရှိနေပေရာ အဖြူ ရောင်ဝတ်စုံဝတ် လူရွယ်နှစ်ယောက်ကို ရင်ဆိုင် တိုက်ခိုက်မည်ဆိုပါက မိမိ လက်တလော ပြောထားသည့် စကားများကို မိမိက ချက်ချင်း ပြန်ဖျက်ပစ်သည့် အခြေ အနေမျိုး ဆိုက်ရောက်သွားမှာကိုလည်း စိုးရိမ်သည်။
တစ်ဖက်လူများကို ကြည့်ရသည်ကလည်း အကျေအလည် ပြောဆိုရှင်းလင်း၍ ရမည့်အသွင်မျိုး မဟုတ်။
တွေ့သည်နှင့် ဘာမပြော ညာမပြော အတင်း ဝင် ရောက် တိုက်ခိုက်သည်ကို ထောက်လျှင် မည်မျှရန်လိုနေ ကြောင်း သိသာထင်ရှားသည်။
ကျန်းယိမင်းသည် အကျေအလည်ပြောဆို တောင်းပန် ရှင်းလင်းရန် စိတ်မကူးတော့။
ရန်လို တိုက်ခိုက်သူများနှင့် ရင်ဆိုင်ခြင်း မပြုလိုလျှင် ရှောင်ဖယ်ထွက်သွားဖို့သာ ရှိပေတော့သည်။
ကျန်းယိမင်းသည် နောက်လှည့်ကာ ထွက်ပြေးသွား လေတော့သည်။
ကျန်းယိမင်း ရှောင်တိမ်းထွက်ပြေးသွားလေ၏။
အစဦးပိုင်းတွင်တော့...
တိမ်မီးခိုး ကိုယ်ပျောက်ပညာကို ထုတ်သုံးလိုက်မိသည်။ အဖြူရောင်သိုင်းဝတ်စုံဝတ် လူရွယ်နှစ်ယောက်၏ သိုင်း ကွက် တိုက်ချက်ခွင်ထဲမှ ကျန်းယိမင်း လှစ်ခနဲပင် ပျောက်ကွယ်ထွက်သွားသည်။
သို့သော်......
မိမိ တတ်မြောက်ထားသော သိုင်းပညာများကို အသုံး မပြုဟု ကူမိုင်ခန်းအား ပြောကြားထားမှုကို စွန့်လွှတ်ပစ် လိုက်သည်။
ထိုအချိန်တွင်.... ကျန်းယိမင်းမှာ တစ်ဖက်လူများနှင့် ပေတစ်ရာ ခန့် အကွာသို့ ရောက်နေလေပြီ။
သူသည် ဘာသိုင်းပညာကိုမှ မသုံးတော့။ မိမိ၏ ပင်ကို အစွမ်းအစ အတိုင်း ခြေထောက်ကိုသာ အားကိုးကာ ပြေးလွှားလေတော့သည်။
“ထွက်ပြေးသွားပြီ”
“မိအောင်လိုက်ကြ”
“မလွတ်စေနဲ့”
တစ်ဖက်လူများက အော်ဟစ်ကာ ကျန်းယိမင်း၏နောက် သို့ လိုက်လာကြ၏။
ကျန်းယိမင်း၏ ပင်ကိုပြေးနိူင်စွမ်းအားကလည်း သိပ်တော့ မညံ့ပါ။
သို့သော်......
တိမ်မီးခိုးကိုယ်ပျောက်ပညာကို မသုံးသောကြောင့် တစ်ခြားလူများ မမြင် မတွေ့ရအောင် မျက်ကွယ်ယူ ကိုယ် ယောင်ဖျောက်မှုမျိုးတော့ မလုပ်နို င်တော့။
ထို့ပြင်..
တစ်ဖက်လူများက ကိုယ်ဖော့ပညာသုံးကာ ပြေးလိုက် လာကြလေရာ သာမန်ရိုးရိုး ပြေးနိူင်အားဖြင့်သာ ပြေးနေ သော ကျန်းယိမင်းနှင့် တစ်စတစ်စ နီးကပ်၍လာသည်။ အမီလိုက်နိူင်ခြင်း မရှိသေးသော်လည်...
သူနှင့် ပေသုံးဆယ်ခန့် အကွာကိုတော့ ရောက်လာကြ လေပြီ။
သူက မြေပြင်တွင် ဆက်မပြေးတော့ဘဲ သစ်ပင်ပေါ်သို့ တက်ပြေးရန် စိတ်ကူးရလာသည်။
သစ်ပင်ပေါ်သို့ တက်ပြေးခြင်းဖြင့် တစ်ဖက်လူများကို မျက်ခြည်ဖြတ်နိူင်မည်ဟုလည်း တွေးမိသည်။
ထိုအချိန်မှာပင်.....
ခရမ်းရောင် ... အင်္ကျီ ဖားဖားကြီး ဝတ်ထားသော ယောက်ျားကြီးက ကျန်းယိမင်းအား လက်နက်ပုန်းသုံးခုဖြင့် လှမ်းပစ်လိုက်၏။
“ဝှစ်....ဝှစ်....ဝှစ်"
လက်နက်ပုန်းနှင့် ပစ်ခတ်သည်ကို ကျန်းယိမင်းသိ၏။
သူ၏ သိုင်းပညာနှင့်ဆိုလျှင် ထိုလက်နက်ပုန်းကို ကောင်း စွာပင် လွတ်အောင် ရှောင်နိုင်ပေသည်။
သို့သော်......
မိမိ၏ သိုင်းပညာကို အသုံးပြုရန်စိတ်မကူးသော ကျန်းယိမင်းမှာ သိုင်းကွက်နင်းကာ ရှောင်တိမ်း၍မဖြစ်တော့ပေ။ သိုင်းဟန် လုံးဝ မပါစေဘဲ သည်အတိုင်း ရိုးရိုး တန်း တန်းပင် ကိုယ်ဟန်လှုပ်ရှား၍ ရှောင်လိုက်ရ၏။
လက်နက်ပုန်းနှစ်ခုကတော့ လွှဲချော်သွားသည်။ တစ်ခုကမူ......
သူ၏ ညာဘက်ပခုံးစွန်းကို စိုက်ဝင်သည်။ ထိချက်က သိပ်နာကျင်မှု မရှိပါ။ စစ်ခနဲသာ ဖြစ်သွားသည်။
သို့သော်......
အထိခံရပြီးသည်နှင့် ညာဘက်ပခုံးတစ်ခုလုံး အေးစိမ့် လာသည်။
ထုံကျဉ်လာသည်။
အေးစိမ့်မှုသည် တစ်ကိုယ်လုံးကို ပျံ့၍လာသည်။
မိမိအထိခံရသော လက်နက်ပုန်းသည် ရိုးရိုးမဟုတ်ဘဲ အဆိပ်လက်နက်ပုန်း ဖြစ်နေကြောင်း ကျန်းယိမင်း ရိပ်မိ လိုက်ရလေပြီ။
အားအင်စိုက်ထုတ် ပြေးလွှားနေသည့်အချိန် သွေးလေ လည်ပတ်မှု အလွန်ချောမွေ့ ကောင်းမွန်နေရာ အဆိပ်ပျံ့နှံ့မှု ကလည်း အလွန်ပင် မြန်ဆန် သည်။
ကျန်းယိမင်း၏ ခြေလှမ်းတွေ နှေးကွေးလာသည်။ မပြေးနိုင်တော့။
မပြေးနိုင်ရုံ သာမက မတ်မတ်ပင် ဆက်ရပ်နိူင်စွမ်းမရှိဘဲ ခွေယိုင်ကာ လဲကျသွားလေတော့သည်။
ဘာမှန်းမသိ ညာမှန်းမသိပင် ဆက်ရပ်နိုင်စွမ်းမရှိဘဲ ခွေယိုင်ကာ လဲကျသွားလေတော့သည်။
ဘာမှန်းမသိ ညာမှန်းမသိ ရန်ပြုတိုက်ခိုက် လာကြသူ တို့၏ လက်ချက်ဖြင့် မိမိ အသက်သေဆုံးရတော့မည်ဟုပင် ကျန်းယိမင်း တွေးမိသည်။
အံ့ဩစရာ ကောင်းသည်။ တွေ့ဆုံမိသည်နှင့် ဘာ စ ကား မျှ မ ပြောဘဲ အတင်း တရကြမ်း ဝင်ရောက်တိုက်ခိုက် ရန်ပြုခဲ့ကြလေသော တစ်ဖက်လူများသည် ကျန်းယိမင်း လက်နက်ပုန်း အထိခံရကာ အဆိပ်သင့် လဲကျသွားသောအခါတွင်တော့ ဘာမျှ မလုပ်ကြ။
တိုက်ခိုက် သတ်ဖြတ်ခြင်းလည်း မပြု။ လဲကျသွားသော ကျန်းယိမင်းကို ကြည့်ပင် မကြည့်ကြ တော့ဘဲ အပြေးပင် ဆက်လက် ထွက်သွားကြလေတော့၏။
လက်နက်ပုန်း အထိခံရကာ အဆိပ်သင့်လျက် ရှိနေလေ ကျန်းယိမင်းသာ သစ်ပင်ခြေရင်းတွင် လဲကျကျန်နေ ခဲ့လေတော့၏။
အဆိပ်ပျံ့နှံ့ မှုကလည်း ပို၍ ပြင်းထန်လာသည်။
တစ်ကိုယ်လုံး အေးစိမ့်၍ နေပြီ။
ခေါင်းထဲတွင် မူးဝေသလိုလို ဖြစ်နေသည်။ သို့သော်......
ကျန်းယိမင်းသည် သတိလစ်သွားခြင်းတော့ မရှိပေ။ အဆိမ်ဒဏ်ကို အားခဲကာ တောင့်ခံမည်ဟု စိတ်ကူး၏။ ထိုသို့ စိတ်ကူးလိုက်သည့် အချိန်တွင် ချက်တစ်ဝိုက်ဆီမှ ပူနွေးသော အငွေ့ လှိုင်းတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာ သည်။
ထိုအပူငွေ ့လှိုင်း၏ အရှိန်ကြောင့် အေး စိမ့် နေ မှု များ အနည်းငယ် လျော့ပါး သက်သာသည်။
ကျန်းယိမင်းသည် ကဝိမနော အတွင်းအားဖြင့် အဆိပ် ဒဏ်ကို တောင့်ခံချေဖျက်ခြင်းလည်း မပြုခဲ့ပေ။
သည်အတိုင်းပင်နေခဲ့ရာ အဆိပ်ဒဏ်ကို ကောင်းကောင်း ကြီး ခံနေရပေသည်။
ဤသို့ရှိနေရာမှ အဆိပ်ဒဏ်ကို အားခဲကာတောင့်ခံမည် ဟု စိတ်ကူးလိုက်သောအခါ...
ကဝိမနော အတွင်းအားက သူ့အလိုအလျောက် လုံ့ ဆော် စုစည်းသလို ဖြစ်သွားရာ ပျံ့နှံ့နေသော အဆိပ် အာနိသင်များကို အတွင်းအားက ဟန့် တား လိုက် သည့် အတွက် အဆိပ်ဒဏ် ခံနေရမှု အနည်းငယ်လျော့ပါး သက် သာသွားခြင်း ဖြစ်ပေသည်။
ထိုအခိုက်မှာပင်...
လျှောက်လှမ်းလာသော ခြေသံခပ်ဖွဖွကို ကြားရကာ ကျန်းယိမင်း၏အနီးသို့ လူတစ်ယောက် ရောက်လာသည်။
ခြေသံခပ်ဖွဖွ ကြားရသောကြောင့် ကျန်းယိမင်း အသာ လှမ်းကြည့်လိုက်ရာ သူ ့အနားသို့ လူတစ်ယောက် ရောက် လာသည်ကို တွေ့ရသည်။
ကူမိုင်ခန်းပင် ဖြစ်သည်။
“ဟာ..ကူမိုင်ခန်း၊ ပုန်းနေရာက ဘာကြောင့် ထွက်လာ တာလဲ၊ ခင်ဗျား ရန်သူတွေ…”
မိမိအနားသို့ရောက်လာသူမှာ ကူမိုင်ခန်းဖြစ်နေကြောင်း တွေ့ရသောအခါ ကျန်းယိမင်းက စိုးရိမ်တကြီးပြောမိလေ သည်။
သို့သော်......
ကူမိုင်ခန်းက နှုတ်ဆိတ်နေရန် လက်ကာပြသောကြောင့် ကျန်းယိမင်းမှာ စကားကိုဆုံးအောင်မပြောနိုင်ဘဲ တစ်ပိုင်း တစ်စနှင့် ရပ်သွားရလေသည်။
“ရှင်....အဆိပ်သင့် လဲကျနေတာကို ကျွန်မက ဒီအတိုင်း ကြည့်နေရမှာလား၊ ရှင့်ကို ဖြေ ဆေးတိုက် နိုင် အောင်လို့ ထွက်လာတာ၊ ရော့...ဒီမှာ”
ပြောပြောဆိုဆို ကူမိုင်ခန်းက အနီရောင်ဆေးလုံးလေး တစ်လုံးထုတ်ကာ ကျန်းယိမင်း၏ပါးစပ်ထဲ ထည့်ပေးလိုက် သည်။
“မြန်မြန်သောက်ချလိုက်၊ အချိန်မရှိဘူး”
ကူမိုင်ခန်းက ထပ်မံ လောဆော် လိုက် သော ကြောင့် ကျန်းယိမင်းလည်း ပါးစပ်ထဲတွင် ငုံမိနေလေသော ဆေးလုံးကို မျိုချလိုက်ရလေသည်။
ရင်ထဲ နွေးထွေးသွားသည်။
ထိုအနွေးဓာတ်သည် ချက်ချင်းပင် တစ်ကိုယ်လုံး ပျံ့နှံ လေသည်။ အေးစိမ့် ထုံကျဉ်နေမှုများ သိသိသာသာ သက်သာလာသည်။
ကျန်းယိမင်းသည် လဲကျနေရာမှ ထထိုင်၍ပင် လာနိုင် လေပြီ။
“ခင်ဗျားရဲ့ဖြေဆေးက အတော် ့ကို အစွမ်းထက်တာပဲ ကိုး၊ အခုလို ဖြေဆေး လာတိုက်ကျွေးတာ ကျေးဇူးတင် ပါတယ်ဗျာ”
“ကိစ္စမရှိပါဘူး၊ ရှင်က ကျွန်မကို အကူအညီပေးထား တာပဲဟာ၊ ကျွန်မကလဲ တုံ့ ပြန်ကူညီရတာပေါ့”
“ခင်ဗျားမှာ ဒီလောက်အစွမ်းထက်တဲ့ဆေးလုံး ရှိနေခဲ့သားနဲ့ ဘာကြောင့် ခင်ဗျားမှာရထားတဲ့ဒဏ်ရာ သက်သာအောင် မကုသတာလဲ”
“ဟာ...ဘာဆိုင်လို့လဲ၊ ဒီဆေးက အဆိပ်အမျိုးမျိုးကို ပျက်ပြယ်အောင် ဖြေနိုင်တဲ့ အဆိပ် ဖြေဆေးရှင့်၊ ကျွန်မ ရထားတာက အတွင်းဒဏ်၊ ကျွန်မမှာရှိတဲ့ ဆေးလုံးက အဆိပ်ဖြေတဲ့နေရာမှာ အစွမ်းထက်ပေမယ့် အတွင်းဒဏ်ကို ကုသဖို့အတွက်ကျတော့ ဘာမှအသုံးမဝင်ဘူး”
ကျန်းယိမင်းမှာ သိုင်းပညာနှင့် ပတ်သက်၍ ဗဟုသုတ ရှိလှသူ မဟုတ်ပေရာ ကူမိုင်ခန်း ပြောကြားသမျှကို ခေါင်း ညိတ်၍သာ နေရလေ၏။
“ဒါနဲ့….ရှင့်မှာ မိဘ ညီအစ်ကို မောင်နှမတွေ ရှိလား”
“ဟာ..ရှိတာပေါ့”
“ရှင့်မိသားစုတွေ ဘယ်မှာနေကြသလဲ၊ ဒီတောအုပ်နဲ့ အလှမ်းဝေးသလား
“မဝေးဘူး၊ ငါးမိုင်လောက်ပဲ ကွာလှမ်းတာ”
“ဟာ...ဒီလိုဆိုရင် ရှင်တို့အိမ်ကို အမြန်သွားမှဖြစ်မယ်၊ ရှင့်မိသားစုတွေ အန္တရာယ်ရှိနိုင်တယ်”
ဤစကားကို ကြားရသောအခါ ကျန်းယိမင်း စိုးရိမ် သလို အတော်လည်း အတွေးရခက်သွားသည်။
“နေပါဦး၊ ကျွန်တော် မိသားစုတွေက ဘာကြောင့် အန္တရာယ် ရှိနိုင်တာလဲ”
ကျန်းယိမင်းက မိမိ အတွေးရ ခက်နေမှုကို ထုတ်ဖော် မေးလိုက်သည်။
“ရှင့်ကို တိုက်ခိုက်သွားကြတဲ့ လူတွေက ရှင့်မိသားစု ကိုလဲ ဒီအတိုင်းချန်ထားမှာ မဟုတ်ဘူး၊ အဲဒါကိုပြောတာ”
“ဟင်..ဟုတ်လား၊ အဲဒီလူတွေက ဘယ်သူတွေလဲ”
“ဟာ......ကျွန်မက ဘယ်သိမှာလဲ၊ ရှင်နဲ့ရင်ဆိုင်တိုက်ခိုက် ခဲ့ကြတဲ့ လူတွေပဲ၊ သူတို့ကို ရှင်မသိဘူးလား”
“ဟင့်အင်း....မသိဘူး၊ သူတို့က ဘာမပြောညာမပြောနဲ့ ကျွန်တော်ကို အတင်းဝင် တိုက်ခိုက်သွားကြတာပဲ
“အံ့ဩစရာပါလား”
“အဲဒီလူတွေက ခင်ဗျားနောက်ကိုလိုက်နေကြတဲ့ ကျင်းတန့်ဂိုဏ်းက သိုင်းသမားတွေ မဟုတ်ဘူးလား”
“ဟင့်အင်း... ကျင်းတန့်ဂိုဏ်းသားတွေဟာ လူကောင်း သူကောင်းတွေ မဟုတ်ပေမယ့် ဒီလိုအရမ်းကာရောခိုက်ရန်ပြုတဲ့ အလုပ်မျိုးကိုတော့ မလုပ်ကြဘူး၊ ဘာပဲ ဖြစ်ဖြစ် ရှင့်မိသားစုတွေဆီကို အမြန်သွားကြည့်ဖို့ ကောင်း နေပြီ”
ကျန်းယိမင်း တကယ်ပင် စိုးရိမ်စိတ် များလာရပြီ။
ထို့ကြောင့်....
ဘာမျှ ထပ်ပြောမနေတော့။
ထိုင်ရာမှ ခုန်ထကာ လှစ်ခနဲ ပြေးထွက်လာခဲ့သည်။
ရိုးရိုးအေးအေး နေထိုင်သော မိမိ၏ မိသားစုအပေါ် အန္တရာယ်ကျရောက်မည့် အရေးအတွက် တွေးကာပူပန်နေ လေသောကြောင့် ကျန်းယိမင်းသည် တိမ်မီးခိုးကိုယ်ပျောက် ပညာ၏ ကိုယ်ဖော့မှု အတတ်ကိုသုံး၍ ပြေးသွားရာ သူ၏ အပြေးနှုန်းမှာ စောစောကနှင့် မတူဘဲ အထူးပင် မြန်ဆန် လေသည်။
ရိုးခနဲ ရိပ်ခနဲ လှုပ်ရှားမှုသာ မြင်နိူင်ပြီး တစ်ခဏ အတွင်းမှာပင် အတော်ဝေးဝေးသို့ ရောက်သွားလေ၏။
ကူမိုင်ခန်းသည် ကျေနပ်သည့်အသွင်ဖြင့် တစ်ချက်ပြုံးကာ ခေါင်းကို ဆတ်ခနဲ ညိတ်သည်။
ထို့နောက်...
ကျန်းယိမင်း၏ နောက်သို့ အပြေးပင် လိုက်သွားလေလိုက် တော့သည်။
Comments
Post a Comment