သစ္စာသခင်နှင့် မေတ္တာရှင် အခန်း ( ၁၄ )
အခန်း (၁၄) စားသောက်ဆိုင်ထဲမှ ငရဲမီး ပြေးထွက်လာလေတော့၏။ သရဲဓားလည်း နောက်မှ ထက်ကြပ်မကွာပင် ပါရှိလာသည်။ ပြေးလွှားထွက်လာရင်း ဆိုင်အပြင်ဘက်သို့ ရောက်သည်နှင့် သရဲဓားက အချက်ပေးမီးကျည်တစ်ခု ပစ်ဖောက်လွှတ်တင်လိုက်သည်။ “ရှူး ဒိုင်း" ကြူ အုန်းယိုတို့ လူစုကို အချက်ပေးဆက်သွယ် ခေါ်ယူလိုက်ခြင်း ဖြစ်သည်။ နဂိုကပင် ကြောက်လန့် စိုးထိတ်နေလေသော ကျင်းကော့ထန်မှာ ငရဲမီး၏ အော်ဟစ်ပြောဆိုပုံ ကြားရသောအခါ မိုးကြိုးပစ်သံကို အနီးကပ် ကြားရသည့်အလား အကြီးအကျယ် တုန်လှုပ်ချောက်ချားသွား၏။ ကြောက်လန့်တုန်လှုပ်သည့် စိတ်၏ စေ့ဆော်မှုဖြင့် ကျင်းကော့ထန် အတင်းထွက်ပြေးမိလေ၏။ ဘာရယ်ညာရယ် ရည်ရွယ်ချက်ဖြင့်တော့ မဟုတ်ပါ။ ကြောက်စိတ်ဖြင့် လုပ်မိလုပ်ရာ လုပ်လိုက်ခြင်းဖြစ်လေ၏၊ “ဟေ့...အရမ်းမပြေးနဲ့လေ၊ ရပ်...” တစ်ယောက်တည်း ဇွတ်ထွက်ပြေး၍ ရန်သူနှင့် ရင်ဆိုင်မိလျှင် ကူညီကာကွယ် ပေးမည့်သူ အနီးအနားတွင်မရှိ ဒုက္ခတွေ့နိုင်သောကြောင့် ကူမိုင်ခန်းက လှမ်းအော်သတိ ပေးရင်း ကျင်းကော့ထန်၏ နောက်သို့ ပြေးလိုက်၏။ ကူမိုင်ခန်းတွင် ရည်ရွယ်ချက် ကြီးကြီးမားမားတွေရှိ၏။ ဤရည်မှန်းချက်များ ပြည့်ဝနိုင်ရေးအတွက် ကျင်းကော့ထန်ကို အသုံးချနိုင်စရာအကြောင်းတွေ ရှိကြောင်...